အွန်လိုင်းသင်ကြားရေး Apps (၃) ခု

အားလုံးပဲ မင်္ဂလာပါ။ Open Educationမှ ပြန်လည် ကြိုဆိုလိုက်ပါတယ်။

📢
အွန်လိုင်းကနေ သင်ကြားမျှဝေပေးနေတဲ့ ဆရာ၊ဆရာမတို့အတွက် လုံး၀ လွယ်ကူပြီး အသုံး၀င်တဲ့ Applications (၃)ခုအ‌ကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံးတစ်ခုကတော့ Jamboard

1️⃣
Jamboard ကတော့ freeသုံးနိုင်ပြီး ကျောင်းသူ ကျောင်းသားတွေကို Emailကနေ inviteလို့ရသလို၊Linkကနေမှတဆင့် မျှဝေပေးပြီး ပါ၀င်စေနိုင်ပါတယ်။
2️⃣
Jamboardလုပ်လို့ရတဲ့အရာတွေကတော့ ကလေးတွေ အဖွဲ့လိုက် အကြောင်းအရာတစ်ခုကို ဆွေးနွေးပြီး Sticky Notesမှာရေးချစေတာမျိုးလုပ်နိုင်ပါတယ်။
3️⃣
Sticky Notesကို ကိုယ်ကြိုက်တဲ့အရောင်ရွှေးချယ်နိုင်ပြီး Jamboardပေါ်မှာ ကြိုက်တဲ့နေရာမှာထားနိုင်ပါတယ်။ ဒါ့အပြင် Images(ဓာတ်ပုံ)၊Stickers (ရုပ်ပုံ)တွေကိုလည်း သုံးနိုင်ပါတယ်။
4️⃣
နောက်ဆုံးအချက်အနေနဲ့ကတော့ Backgroundလည်းပြောင်းနိုင်ပြီး ဆရာ၊ဆရာမတို့ ြပုလုပ်ထားသမျှကို Google driveကို တိုက်ရိုက် သိမ်းထားပေးမှာ ဖြစ်ပါတယ်။

ဒုတိယ တစ်ခုကတော့ Screencastify ဖြစ်ပါတယ်။

1️⃣
Screencastifyကဆိုရင် Screen Recording လုပ်ဖို့အတွက် features တွေစုံလင်တဲ့ teaching toolတစ်ခုဆိုလည်း မမှားပါဘူးနော်။
2️⃣
Recording လုပ်တဲ့အခါမှာလည်း Desktop၊ Webcam only၊Browser Tabဆိုပြီး ရွေးချယ်စရာတွေလည်း ရှိပါတယ်။ အသံ ကိုပဲ Record လုပ်နိုင်သလို မျက်နှာပါ တစ်ခါတည်း Record လုပ်နိုင်ပါသေးတယ်။
3️⃣
ဒါ့အပြင် Recording လုပ်နေချိန် Pause လုပ်နိုင်ပြီး၊Resumeလည်း လုပ်နိုင်ပါတယ်။
4️⃣
Mouse Pointer သုံးတဲ့အခါမှာလည်း Effects တွေသုံးနိုင်တာမို့ ဆရာ၊ဆရာမတို့ရဲ့ စာသင်ခန်းက စိတ်ဝင်စားရာကောင်းပြီး ကျောင်းသား၊ကျောင်းသူတွေက တကယ်နှစ်သက်စေမှာပါ။
5️⃣
Whiteboard markerသုံးနိုင်သလို မှားတာဖြစ်စေ၊ပြင်ချင်တာရှိရင်လည်း Eraserသုံးနိုင်ပါတယ်။
6️⃣
နောက်ဆုံးအနေနဲ့ကတော့ Recodingလုပ်ပြီးသားကို Google Drive ထဲကို သိမ်းထားနိုင်သလို Youtubeကိုလည်း တိုက်ရိုက် မျှဝေနိုင်ပြီး Mp4အနေနဲ့လည်း Export လုပ်နိုင်ပါတယ်။ လုံးဝမကြိုက်တာ ဖြစ်စေ၊အသစ်ပြန်လုပ်ချင်တယ်ဆိုရင်လည်း Delete button သုံးပြီး ဖျက်နိုင်ပါတယ်။

တတိယ မြောက်ကတော့ Ziteboard ပဲဖြစ်ပါတယ်။

1️⃣
Ziteboardကတော့ Jamboardနဲ့တော်တော်လေး ဆင်တူပါတယ်။ဒါပေမဲ့ Jamboard မှာ မရှိတဲ့ features တွေ Ziteboardမှာပါပါတယ်နော်။
2️⃣
Jamboard လိုပဲ Drawing လုပ်တာ၊Sticky notesအသုံးပြုတာ Eraseစသဖြင့် သုံးနိုင်ပါတယ်။
3️⃣
ဒါ့အပြင် စာရေးတဲ့အခါ ကြိုက်နှစ်သက်ရာ အရောင်၊ပုံစံတွေလည်း ရွေးချယ်နိုင်ပါတယ်။
4️⃣
အကယ်၍ မှားပြီးဖျက်မိတာရှိရင်လည်း Redo၊Undo button လည်း အသုံးပြုနိုင်ပြီး Picture features သုံးမယ်ဆို fileကနေရွေးနိုင်သလို camera buttonကိုလည်းသုံးပြီး Zoom in လုပ်နိုင်ပါတယ်။

ကဲဒီနေ့မျှဝေပေးခဲ့တဲ့ Applicationsတွေ သုံးနေကြပြီလား၊ အခုမှ စပြီးသုံးကြမှာလားဆိုတာကိုလည်း ‌မျှဝေပြောပြခဲ့ကြဦးနော်🙏🏻

Reference