မိဘတွေ နဲ့ အွန်လိုင်းသင်ကြားရေး

အားလုံးပဲ မင်္ဂလာပါ။ Open Educator မှ ပြန်လည်ကြိုဆိုပါတယ်။

အွန်လိုင်းသင်ကြားရေးမှာ မိဘတွေအနေနဲ့ မိမိရဲ့ ကလေးများကို ဘယ်လို ပံ့ပိုး ကူညီပေးသင့်လဲ?

Continue learning ရဖို့အတွက် မိမိရဲ့ကလေးတွေကို အွန်လိုင်းမှတဆင့် ပညာဆက်လက်သင်ယူစေပါတယ်။ အဲ့အချိန်မှာလည်း မိဘတွေအနေနဲ့ နည်းလမ်းမှန်ကန်အောင် ပံ့ပိုးကူညီပေးတာမျိုး ဖြစ်ဖို့ကလည်း အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။

အွန်လိုင်းသင်တန်းတက်ဖို့ဆိုရင် မိဘတွေအနေနဲ့ မိမိကလေးကို ထောက်ပံ့ကူညီသင့်တာတွေက -

1️⃣
ကလေးတွေ အဆင်ပြေပြေ သင်ယူမှုပြုလုပ်နိုင်ရန် နောက်ခံအသံများမရှိတဲ့ နေရာ၊ နောက်ခံအသံဝင်ရောက်မှု နည်းသော နေရာဖြစ်အောင် ပံ့ပိုးကူညီပါ။ သီးသန့်အခန်းတစ်ခန်းမပေးနိုင်ရင်တောင် ကလေးကို ဧည့်ခံမှာ စာသင်စေတာမျိုး၊ ကလေးစာသင်နေတဲ့အချိန် စကားကျယ်ကျယ်ပြောတာမျိုး မလုပ်ခြင်းနဲ့ ကူညီပါ။
2️⃣
သင့်တော်သော၊ ကောင်းကောင်းမွန်မွန် အလုပ်လုပ်တဲ့ Device ( Tablet, Laptop, Phone) စသည်တို့ကို ရှိပါစေ။ အင်တာနက် လိုင်းကောင်းနေဖို့ကိုလည်း သတိပြု ကူညီ ပေးပါ။ (ဥပမာ - မိမိအိမ်မှာ လိုင်းဆွဲအားကောင်းတဲ့ အင်တာနက်အမျိုးအစားနဲ့ချိတ်ဆက်ပေးထားတာမျိုး။ ဒါတွေသိဖို့အတွက် မိဘက အရင် စမ်းသုံးကြည့်ဖို့လိုပါတယ်။)
3️⃣
ကလေးများ ဖန်သားပြင်တွင် သင်ယူမှု ပြုရချိန်မှာ ထူးဆန်းတဲ့ တုံ့ပြန်မှုများကို စ, စချင်းသင်ခန်းစာအချိန်များမှာ ကလေးတိုင်းလိုလို ပြုလုပ်ကြပါတယ်။ စိတ်မပူပါနှင့်.. အရင်လို သူငယ်ချင်းများ၊ ဆရာမများကို မတွေ့ရဘဲ၊ ဖန်သားပြင်ကြီးပေါ်မှ မြင်နေရခြင်းမှာ ကလေးငယ်အတွက် အနည်းငယ်ထူးဆန်းနေပါလိမ့်မယ်။ အွန်လိုင်းသင်ယူမှုနဲ့ အသားကျလာသောအခါ ကလေးအတော်များများဟာ ယခင်စာသင်ခန်းတွေလို သင်ယူနေရသလို ပျော်ရွှင်စွာ ပါဝင်လာတာကို မြင်တွေ့ရမှာပါ။
4️⃣
ဆရာ၊ ဆရာမက မေးတဲ့အခါ ကလေးများကို စဉ်းစားခွင့်ပေးခြင်းနဲ့ ပံ့ပိုးကူညီပါ။ (ဥပမာ - ဆရာမ မှမေးမေးခြင်း အဲ့ဒါ ဘာလေ၊ ဘယ်လိုဖြေလိုက်လေဆိုပြီး မိဘများမှ ဝင်ပြောတာမျိုမလုပ်ခြင်းဖြင့် ပံ့ပိုးကူညီပါ။)
5️⃣
သင်ခန်းစာမစမှီမှာ မျက်နှာသစ်၊ အဝတ်လဲ၊ စားစရာများ ကြိုတင်ကျွေးထားပါ။ စာသင်ချိန်တွင် သင်ခန်းစာများကို ကောင်းစွာ အာရုံစိုက်နိုင်ရန် စာသင်နေချိန် အစားအစာများ အတင်းကျွေးခြင်း၊ ဘေးမှ ထိုင်ကျွေးတာမျိုးမှ ပြုလုပ်ခြင်းမပြုဘဲ ပံ့ပိုးကူညီပါ။
6️⃣
မိဘများမှ ဆရာမကို စာသင်နေချိန်တွင် မေးခွန်းများအတင်းမေးခြင်းမျိုး မလုပ်ခြင်းဖြင့် ပံ့ပိုးကူညီပါ။ မေးလိုတဲ့ မေးခွန်းကို ရေးမှတ်ထားပါ။ စာသင်ချိန်ပြီးဆုံးမှ (သို့မဟုတ်) အချိန်တစ်ခုရှာပြီး ဆရာမကို မေးလိုသည့်မေးခွန်းများ မေးပါ။
7️⃣
ကလေး အရမ်းငယ်လျှင် စာသင်ရာတွင် လိုအပ်နိုင်တဲ့ ပစ္စည်းများကို ကူညီပံ့ပိုးပေးနိုင်ရန် ဘေးမှာ အသင့် ရှိပေးခြင်းဖြင့် ပံ့ပိုးကူညီပါ။
8️⃣
ကလေးများကို အများရှေ့ ဆူခြင်း။ ဆရာမ မှမေးတဲ့မေးခွန်းကို ကလေးများအဖြေမှားခဲ့သည်ရှိသော် ချက်ချင်း ပြေတာမျိုး (ဒါကိုမှတ်ထားလေ၊ အဲ့လိုပြောရမှာ၊ ဒါလေးတောင်မရသေးဘူး) စတာတွေ ပြောခြင်းမျိုး မပြုလုပ်ခြင်းဖြင့် ပံ့ပိုးကူညီပါ။ ထိုသို့ပြုလုပ်ခြင်းက ကလေးတွေကို ယုံကြည်မှု လျော့နည်းစေပါတယ်။

ဒါကြောင့် ဖေဖေ၊ မေမေတို့အနေနဲ့ မိမိရဲ့ ကလေး အွန်လိုင်းသင်ကြားရာမှာ အထက်မှာ ပြောခဲ့တဲ့အချက်များကို လိုက်နာခြင်းနဲ့ ပံ့ပိုးကူညီပါ။