သင်ခန်းစာများ အကဲဖြတ်စစ်ဆေးခြင်း

အားလုံးပဲ မင်္ဂလာပါ။ Open Educator မှ ပြန်လည်ကြိုဆိုပါတယ်။

ဒီတစ်ခါ assessment လို့ပြောတဲ့ သင်ခန်းစာများ အကဲဖြတ်စစ်ဆေးခြင်း အကြောင်းကို ဆွေးနွေး ပြောပြချင်ပါတယ်။

📌
ဆရာ၊ ဆရာမတိုင်းက မိမိသင်လိုက်တဲ့ သင်ခန်းစာကို ကျောင်းသူ၊ ကျောင်းသားများအနေနဲ့ ရသွားလား၊ မရသွားလားကို သိရှိစေရန် assessment များပြုလုပ်လေ့ရှိပါတယ်။ တနည်းအားဖြင့် continue assessment လို့လည်း ပြောကြပါတယ်။

Assessment ပုံစံအမျိုးမျိုးထဲမှ စာသင်ကြားနေစဉ်အတွင်း ပြုလုပ်လို့ရတဲ့ (continue assessment)၊ အွန်လိုင်းသင်ကြားခြင်းမှာ ပါ အထောက်အကူပြုစေမယ့် assessment ပုံစံများအကြောင်းကိုသာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

1️⃣
သင်ခန်းစာက vocabulary စကားလုံးသင်တဲ့ သင်ခန်းစာဖြစ်လျှင် vocabulary စကားလုံး တွေ သေချာရသွားသလား၊ မရသလားဆိုတာကို wheel of name ( https://wheelofnames.com/) ကိုအသုံးပြုပြီး အကဲဖြတ်စစ်ဆေးလို့ရပါတယ်။ အဲ့ wheel ကို မိမိအနေနဲ့ edit လုပ်လို့ရပါတယ်။ wheel လှည့်လိုက်လို့ ကျတဲ့စကားလုံးကို အသုံးပြုပြီးစာကြောင်းဖွဲ့ခိုင်းတာမျိုး၊ စကားလုံးပေါင်းခိုင်းတာမျိုး (များများ ပေါင်းတော့ ပိုမှတ်မိရန်) ပြုလုပ်နိုင်ပါတယ်
2️⃣
အွန်လိုင်းသင်ကြားတဲ့အခါမှာ assessment အနေနဲ့ အသုံးပြုလို့ရတဲ့ app တစ်ခုကတော့ Kahoot (https://kahoot.com/ ) ပဲဖြစ်ပါတယ်။ မိမိ သင်ခန်းစာနဲ့ ကိုက်ညီတဲ့ မေးခွန်းတွေကို ပြင်လို့၊ ဖန်တီးလို့ရပါတယ်။ သူ့ရဲ့အားသာချက်က အမှတ်တွေပေါ်တွဲ့အတွက် ကျောင်းသားအတော်များများ ကြိုက်နှစ်သက်ကြတာကို တွေ့ရပါတယ်။ အဲ့မှာဆိုရရင် Ture or False မေးခွန်းနဲ့ multiple choice မေးခွန်းများကို ပြုလုပ်လို့ရပါတယ်။
3️⃣
အွန်လိုင်းသင်ကြားတဲ့အခါမှာ assessment အနေနဲ့ အသုံးပြုလို့ရတဲ့ app နောက်တစ်ခုကတော့ Mentimeter (https://www.mentimeter.com/login ) ပဲဖြစ်ပါတယ်။ သူကိုအသုံးပြုချင်ရင် Ture or False မေးခွန်းနဲ့ multiple choice မေးခွန်းများကို ပြုလုပ်လို့ရသလို စာရိုက်ပြီးဖြည့်ရတဲ့ (fill in the blank) မေးခွန်းများကို ပြုလုပ်လို့ရပါတယ်။
4️⃣
နောက်ထပ်မျှဝေချင်တဲ့ နည်းလမ်းလေးကတော့ (Write, Show to you teacher) ဆိုတဲ့ ကစားနည်းပဲဖြစ်ပါတယ်။ မိမိ အရင် သင်ခဲ့တဲ့ သင်ခန်းစာကို ပြန်နွှေးချင်တာပဲဖြစ်ဖြစ်၊ စကားလုံးပေါင်းကို စစ်ချင်တာပဲဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။ ထိုဂိမ်းကစားရန် ကျောင်းသူ၊ ကျောင်းသားများကို ခဲတံ (အရောင်ထင်တဲ့) နဲ့ စာရွက်ကို ယူစေပါ။ စကားလုံးကြီး ကြီး ရေးပြဖို့နဲ့ အရောင်ထင်အောင်ရေးပြဖို့ပြောပါ။ ပြီးလျှင် ဆရာမ မှ အရင်ရေးပြီး ပြနိုင်ပြီး စကားလုံးပေါင်း မှန်တဲ့သူကို အမှတ်ပေးထားမယ်လို့ ပြောပါ။ ဆရာမ မှ အမှတ်များကို မကြာခဏ ပြန်ပြောပေးတာမျိုး လုပ်ပြီး အမှတ်မရသေးတဲ့ ကျောင်းသားများကို ကြိုးစားဖို့ တိုက်တွန်းစကားပြောပါ။ ဒီ ဂိမ်း လေးက Young Learners အတွက် တော်တော် အဆင်ပြေတဲ့ ကစားနည်း လေးဖြစ်ပါတယ်။
5️⃣
နောက်ဆုံးတစ်ခုအနေနဲ့ မျှဝေချင်တဲ့ နည်းလမ်းက zoom မှာပါတဲ့ whiteboard ကိုအသုံးပြုပြီး စာရ၊ မရ စစ်ဆေးလို့ရတဲ့ နည်းလမ်းလေးပါ။ ပထမဆုံးကျောင်းသားများကို zoom whiteboard ကနေ ဘယ်လို ခဲတံယူရသလဲဆိုတာကို ပြောပြပါ။ ခဲတံက Annotate ကနေယူရတာပါ။ ပြီးတဲ့အခါ ဆရာမ ပြောလိုက်တာကို whiteboard မှာရေးစေပါ။ ကျောင်းသားများ ရေးနေချိန်တွင် ဘယ်သူကရေးနေတယ်ဆိုတာကို တွေ့နေရလို့ ဆရာ အနေနဲ့ ကျောင်းသားများ စာရ, မရ ကို ချက်ချင်းသိရှိနိုင်ပါတယ်

အွန်လိုင်းစာသင်ခန်းတွင် အတန်းတွင်း သင်ခန်းစာများကို စစ်ဆေးလို့ရတဲ့ အရာတချို့ကို မျှဝေပေးလိုက်ပါတယ်။