"Google Slides" မိတ်ဆက်

အားလုံးပဲ မင်္ဂလာပါ။ Open Educator မှ ပြန်လည်ကြိုဆိုပါတယ်။

Online‌နေစာသင်တဲ့အခါမှာ မဖြစ်မနေသိထားသင့်တဲ့ Digital tool တစ်ခုကတော့...❓
သင်တန်းတွေလည်း Online ကပဲ သင်လာကြတယ်ဆိုတော့ Digital skill ကျွမ်းကျင်အောင်လုပ်ဖို့လိုအပ်ပါတယ်။

Digital Skill ကျွမ်းကျင်မှုရှိရင် လုပ်ငန်းခွင်၊ ပညာရေး၊ စီးပွားရေးစသည်ဖြင့် အဘက်ဘက်မှာ ပိုပြီးအချိန်ကုန်သက်သာပြီး တခြားသူတွေထက်လည်း အခွင့်အလမ်းတွေ ပိုသာမှာ အသေချာပါပဲ။

ဆရာမတစ်ယောက်အနေနဲ့ google slide ကို အသုံးပြုခြင်းအားဖြင့် ကလေးတွေရဲ့ စိတ်ဝင်စားခံရမှုကို ရနိုင်မှာ ဖြစ်သလို ဆရာ၊ဆရာမတို့ စာသင်ခန်းကလည်း အပြင်မှာတွေ့ရသလိုမျိုး ခံစားရစေမှာပါ။

Digital Skills တိုးတက်ဖို့ ဆိုရင် Digital Apps တွေပိုင်ပိုင်နိုင်နိုင် အသုံးပြုတတ်ဖို့ လည်းလိုတာကြောင့် ဒီနေ့မျှဝေပေးမှာကတော့ Google slides အသုံးပြုနည်းပဲဖြစ်ပါတယ်။

Google Slides ကတော့

1️⃣
Presentationတွေ၊ သင်တန်းသင်ခန်းစာစတာ‌ေတွကို တင်ပြဖို့ Slides တွေဖန်တီးလို့ရပါတယ်။ Microsoft Powerpoint နဲ့ ဆင်တူပါတယ်။ Group presentation တွေအတွက် အတူတကွပူးပေါင်းလုပ်‌ေဆာင်လို့လည်းရပါတယ်။
2️⃣
အင်တာနက်မရှိရင်တောင်မှ Presentation ကို ဖုန်း၊ Tablet သို့မဟုတ် ကွန်ပြူတာ မှာပါ အသုံးပြုနိုင်၊ ပြင်ဆင်နိုင်ပြီး အလိုအလျောက် “Save” လုပ်ပေးပါတယ်။
3️⃣
ဖုန်း၊ Tablet တွေနဲ့အသုံးပြုမယ်ဆိုရင် Play Store သို့မဟုတ် Apple App Store မှာ Google Slides ဟု ရှာပြီး ဒေါင်း Install လုပ်နိုင်ပါတယ်။

Google slides သုံးခြင်းအားဖြင့် ဆရာ၊ဆရာမတွေအတွက် အားသာချက်တွေက

1️⃣
Write board လည်းသုံးရသလို သင်ခန်းစာကို စိတ်၀င်စားဖွယ်ကောင်းအောင် Backgroundတွေ ‌ပြောင်းနိုင်ပြီး စာရေးတဲ့အခါလည်း အရောင်စုံ သုံးနိုင်ပါတယ်
2️⃣
သင်ခန်းစာတွေကို ပိုမြင်သာအောင် Stickers(ရုပ်ပုံတွေ)သုံးနိုင်သလို Video ၊အသံဖိုင်လည်းသုံးနိုင်ပါတယ်။ မြန်မာစာ၊အဂ်လိပ်စာအတွက်ပဲမဟုတ်ပဲ သခ်ျာနဲ့ အခြားဘာသာရပ်တွေအတွက်လည်း သုံးနိုင်ပါသေးတယ်။
3️⃣
Google Slides ကို Teaching Material အဖြစ်အသုံးပြုမယ်ဆိုရင်ဆရာ၊ဆရာမတွေ အနေနဲ့ ကလေးတွေရဲ့ အာရုံစိုက်မှုကိုရရှိယုံသာမက၊ တကယ်အကျိုးရှိတဲ့စာသင်ချိန်တွေကိုလည်း ဖန်တီးနိုင်မှာဖြစ်ပါတယ်။
4️⃣
အရေးကြီး ဆုံးက Free သုံးနိုင်တာပဲဖြစ်ပါတယ်။

ကဲစာရေးတဲ့အခါ အရောင်းစုံ သုံးပေးမယ်၊ စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ပုံတွေ ပြပေးနိုင်မယ်၊ Background ကိုလည်း စိတ်ဝက်စားရာ ကောင်းတာတွေ ထားပေးနိုင်မယ့်အပြင် Voice recording အသံရော၊ Video တွေပါ ပြပေးနိုင်တာကြောင့် ဆရာ၊ဆရာမတို့ရဲ့ အွန်လိုင်း စာသင်ခန်းကတော့ တကယ် ပျော်ရွှင်စရာ၊ စိတ်ဝင်စားစရာ ဖြစ်ေနတော့မှာပါနော်။

ကဲဒီလောက် Featuresတွေစုံလင်တဲ့ Tool ကိုလက်တွေ့မှာ အသုံးပြုကြည့်ကြရအောင်။

အချိန်ပေးပြီး ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်🙏

Reference