Google Classroom ဘာကြောင့် အသုံးပြုသင့်သလဲ။

အားလုံးပဲ မင်္ဂလာပါ။ Open Educationမှပြန်လည်ကြိုဆိုလိုက်ပါတယ်။

📌
ဒီနေ့မှာတော့ Onlineကနေမျှဝေ၊သင်ကြားပေးနေကြတဲ့ ဆရာ၊ဆရာတို့အတွက် လွယ်ကူပြီးအသုံးပြုရတာလည်းလွယ်ကူတဲ့Google Classroom အသုံးပြုပုံအ‌ကြောင်းကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

Google Classroomဆိုတာဘာလဲ?

👉
Google Classroomဆိုတာ အွန်လိုင်းသင်ကြားရေးအတွက် Freeသုံးနိုင်တဲ့ Teaching Toolတစ်ခုပဲဖြစ်ပါတယ်။

ဒါဆို Google classroomကို ဘယ်လို ပြုလုပ်ရမလဲ?

1️⃣
အရင်ဆုံး Google သို့မဟုတ် Chromeကိုသွားလိုက်ပြီး Google classroomလို့ရေးပြီးရှာလိုက်ပါ။တွေ့ပြီဆိုရင် Google classroomထဲ၀င်လိုက်ပါ၊
2️⃣
ဒုတိယ အနေနဲ့ အောက်မှာ ပေါ်လာတဲ့ Go to Google classroomဆိုတာကို နှိပ်လိုက်ပါ။
3️⃣
တတိယအနေနဲ့ Google classroomထဲရောက်ပြီဆို ညာဘက်ထောင့်မှာ (+) အပေါင်းလက္ခဏာတွေ့ပါမယ်၊နှိပ်လိုက်ရင် Join class(အတန်းကို ပါ၀င်ပါ) နဲ့ Create class (အတန်းကို ဖန်တီးပါဆိုတာ ပေါ်လာပါမယ်။ ကိုယ်က ဆရာ၊ဆရာမ ြဖစ်တဲ့အတွက် အိမ်စာတွေ တင်ပေးတာ၊စစ်ပေးတာ လုပ်မှာဖြစ်တဲ့အတွက်ကြောင့် Create classကိုနှိပ်လိုက်ပါ။ြပီးရင်ရော ကိုယ်ပေးချင်တဲ့ နာမည်ထည့်လိုက်ပါ၊ Google Classroomကို ပြုလုပ်လို့ပြီးပါပြီ။

Google Classroomလုပ်ပြီးပြီဆိုတော့ Google classroomထဲမှာတွေ့ရမယ့် အဓိက Features(၄)ခုအ‌ကြောင်းကို ပြောပြပေးပါမယ်။

1️⃣
ပထဆုံးတွေ့ရမှာက Stream ဖြစ်ပါတယ်။ သူကတော့ Google classroomထဲမှာ updatedဖြစ်တဲ့ဘာတွေတင်ထားလဲဆိုတာ တွေ့နိုင်သလို ပို့စ်လည်းတင်နိုင်ပါတယ်။
2️⃣
ဒုတိယတစ်ခုကတော့ Classwork ြဖစ်ပါတယ်။ Classworkမှာ ဆရာ၊ဆရာမတို့အနေနဲ့ ပို့စ်‌ေတွတင်နိုင်သလို Assignment, Quizzes (ဉာဏ်စမ်း)တွေလည်း ပြုလုပ်နိုင်ပါတယ်။ Assignmentပေးတဲ့အခါမှာတော့ Createကိုနှိပ်ပြီး Google Driveကနေယူလို့ရသလိုYoutubeကVideosတွေကိုလည်း ထည့်နိုင်ပါတယ်။
3️⃣
တတိယတစ်ခုကတော့ People ဖြစ်ပါတယ်။ ဆရာ၊ဆရာမတို့အနေနဲ့ ကျောင်းသူ၊ကျောင်းသား နာမည်၊အခြားဆရာ၊ဆရာမတွေနာမည်‌ေတွကို ‌ေတွ့နိုင်မှာဖြစ်ပြီး၊ကျောင်းသား၊ ကျောင်းသူတွေရဲ့Emailကိုဆက်သွယ်နိုင်သလိုမျိုး၊ကလေးိဘတွေရဲ့ Emailကိုလည်း ဆက်သွယ်နိုင်ပါသေးတယ်။နောက်ဆုံးတစ်ခုအနေနဲ့ အတန်းမတက်ဖြစ်တဲ့(cancel) ကလေးတွေ ကိုလည်းRemoveလုပ်နိုင်ပါတယ်။
4️⃣
လေးခုမြောက်တွေ့ရမှာကတော့ Grades ဖြစ်ပါတယ်။ Gradesမှာတော့ ကလေးတွေရဲ့ တစ်လတ သို့မဟုတ် သုံးလတာရဲ့ Resultsကိုတွေ့နိုင်မှာဖြစ်ပါတယ်။

ကဲဒီလောက်ရိုးရှင်းပြီးလုံး၀အသုံး၀င်တဲ့ Google classroomကို ကျောင်းသား၊ကျောင်းသူတွေက ဘယ်လို Joinနိုင်မလဲ?

1️⃣
ဒါကတော့ ခနက ‌မှဝေပေးခဲ့တဲ့ Peopleဆိုတဲ့ featureမှာ လူရုပ်ပုံလေး Add peopleဆိုတာမှာ Studentဆိုတဲ့ ခေါင်းစဉ်အောက်ကနေ သူတို့တွေ့ရဲ့ Emailတွေကို ထည့်ပေးနိုင်သလို၊ peopleဆိုတဲ့ featureမှာပေးထားတဲ့ link(လင့်ခ်) သို့မဟုတ် codeShare ပေးခြင်းအားြဖင့်လည်း ကျောင်းသား၊ကျောင်းသူတွေက ပါ၀င်နိုင်မှာဖြစ်ပါတယ်။

အောက်မှာ မျှဝေပေးထားတဲ့ video မှတဆင့် အပေါ် မှာရေးထားတဲ့ စာနဲ့ပေါင်းပြီး စမ်းလုပ်ကြည့်ကြပါနော်။သုံးရတာ လွယ်ကူပြီး ဆရာ၊ဆရာမတို့အတွက် တကယ် အထောက်ကူဖြစ်စေတာကို တွေ့ရမှာ ဖြစ်ပါတယ် ။

အားလုံးသဘောကျနှစ်သက်လိမ့်မယ်လို့ယုံကြည်ပါတယ်။ နောက်ထပ် စိတ်၀င်စားစရာကောင်းတဲ့ အကြောင်း အရာတွေဆက်လက်မျှဝေပေးမှာမို့စောင့်မျှော်အားပေးကြပါဦးနော်။ 🙏🏻

Reference