"Padlet" မိတ်ဆက်

အားလုံးပဲ မင်္ဂလာပါ။ Open Education မှပြန်လည်ကြိုဆိုလိုက်ပါတယ်။

📢
အွန်းလိုင်းကနေ စာသင်ပေးနေတဲ့ ဆရာ၊ဆရာမတို့အတွက် Padletဆိုတဲ့ mind-mapping toolနဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။
1️⃣
Padlet ဆိုတာက‌တော့ ဆရာ၊ဆရာမတို့အတွက် သုံးရလွယ်ကူပြီး free သုံးနိုင်ပါတယ်။
2️⃣
Padletထဲ၀င်လိုက်တာနဲ့ Make a Padletနှိပ်လိုက်တာနဲ့ ရွေးချယ်စရာတွေ အများကြီးကျလာမှာဖြစ်ပါတယ်။ဥပမာ- Wall, Canvas, Stream, Grid, Shelf, Backchannel, Map, Timeline တို့ဖြစ်ပါတယ်။
3️⃣
တစ်ခုချင်းစီမှာ မတူညီတဲ့ လုပ်ဆောင်ချက်တွေပါရှိပြီး အခြေခံအားဖြင့် Sticky noteယူပြီ စာရေးနိုင်သလို အသံထည့်တာ၊ video၊ linkနဲ့ ကိုယ်ပိုင် ဓာတ်ပုံတွေလည်းနိုင်ပါတယ်။
4️⃣
ဒါ့အပြင် ကျောင်းသား၊ကျောင်းသူတွေကလည်း ဆရာ၊ဆရာမတို့ရဲ့ပို့စ်မှာ Facebookသုံးသလိုမျိုး Reactပေးနိုင်ပါတယ်။
5️⃣
ဆရာ၊ဆရာမတို့အနေနဲ့ Privacyမှာ Public, Privateလည်းပြောင်းထားနိုင်ပါတယ်။
6️⃣
ကျောင်းသားကျောင်းသူတွေကို ပို့စ်တင်ခိုင်းလို့ရပြီး သေချာမှ ဆရာ၊ဆရာမတို့က Approveပေးနိုင်ပါတယ်။ဒါ့ပြင် Math equation တွေသုံးတဲ့အခါ တူရာ တူရာ တစ်စု စုပေးနိုင်ပါသေးတယ်။
7️⃣
နောက်တစ်ချက်ကတော့ ဆရာ၊ဆရာမတို့ရဲ့ ပို့စ်ကို Titleရေးထားနိုင်သလို Background‌ေြပာင်း၊ Fontလည်းရွေးနိုင်ပြီး၊ဆရာ၊ဆရာမတို့ createလုပ်ထားတဲ့ပို့စ်တွေကို ဓာတ်ပုံအဖြစ် (Save image) လည်းသိမ်းထားနိုင်ပါတယ်။
8️⃣
Padletက ဆရာ၊ဆရာမတို့ Postတင်လိုက်ပြီး ကလေးတွေ စားသားနဲ့ commentပေးတာ၊ ရုပ်ပုံကိုသုံးတာအပြင် videoကိုလည်းသုံးနိုင်တာကြောင့် တကယ်ပဲ ပျော်စရာကောင်းတဲ့ စာသင်ခန်းကို ဖန်တီးနိုင်မှာပါ။
9️⃣
ဒါ့အပြင် Screen capture လည်းလုပ်နိုင်တာကြောင့် ကျောင်းသူ၊ကျောင်းသားတွေဘက်က Technical problem ရှိရင် ချက်ချင်း screen recording ယူပြီး ဆရာ၊ဆရာမတို့ကို ပြပေးနိုင်တာကြောင့် Technical problem တွေကို ချက်ချင်းဖြေရှင်းပေးနိုင်မှာပါ။

ကဲဆရာ၊ဆရာမတို့ Padletကိုသုံးကြည့်ကြပါနော်။

အခု အသုံးပြုနေကြတဲ့ ဆရာ၊ဆရာမတွေရှိရင်လည်း မျှဝေပေးထားတဲ့အထဲမှာ မပါတဲ့ features တွေ မျှဝေပေးခဲ့ပါဦးနော်။

Reference