ကျောင်းစာသင်ခန်း နဲ့ အွန်လိုင်းစာသင်ခန်း

အားလုံးပဲ မင်္ဂလာပါ။ Open Educator မှ ပြန်လည်ကြိုဆိုပါတယ်။

ဒီတစ်ခါတော့ Physical Classroom Vs Virtual Classroom စာသင်ခန်းရဲ့ အားသာချက်၊အားနည်းချက်တွေက ဘာတွေ ဖြစ်မလဲ?
အွန်လိုင်းကနေ စာသင်ကြားရာမှာ ပိုထိရောက်အောင်၊ engage ဖြစ်အောင်ဘာတွေ လုပ်ကြမလဲ။

စိတ်၀င်စားတယ်ဆိုရင် ဆက်ပြီး ဖတ်ကြည့်လိုက်ရအောင်နော်။

အွန်းလိုင်းကနေ လေ့လာရခြင်းရဲ့ အားသာချက်တွေကို အရင်ဆုံး ကြည့်လိုက်ရအောင်

1️⃣
သက်သောင့်သက်သာရှိခြင်း ➡️ အိမ်ကနေပဲ သင်ကြားရတာဖြစ်တဲ့အတွက်ကြောင့်အစောကြီးထပြီး ပြင်ဆင်၀တ်စားစရာမလိုသလို စိတ်သက်သောင့်သက်သာနဲ့ ကိုယ့်ရဲ့အခန်းထဲကနေပဲသင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာမှာ က်ုယ့်စိတ်ကြိုက်နောက်ခံ (background) လေးလည်း ပြောင်းနိုင်ပါတယ်။
2️⃣
ကုန်ကျစရိတ်သက်သာခြင်း ➡️ ကားစီးပြီးသွားစရာ မလိုတဲ့အတွက်ကြောင့် ကားခ မကုန်တော့ပါဘူး။ဒါ့အပြင် အွန်လိုင်ကနေသင်ကြားပေးတာဖြစ်တဲ့အတွက်ကြောင့် Onlineကနေ Free resourcesတွေ သင်ထောက်ကူပစ္စည်းတွေလည်း သုံးနိုင်သလို Physical Classroomထက် ကလေးတွေ ပိုစိတ်၀င်စားအောင် Platformsအသစ်တွေ သုံးပြီးသင်ကြာနိုင်ပါသေးတယ်။
3️⃣
အချိန်ကုန်သက်သာပြီး၊စိတ်ဖိစီးမှုလျော့ချနိုင်ခြင်း ➡️ အွန်းကနေပဲ သင်ကြားတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်အားတဲ့အချိန်၊အဆင်ပြေတဲ့အချိန်ကို လေ့လာမယ့် ကျောင်းသူ၊ကျောင်းသားတွေနဲ့ညှိနှိုင်းနိုင်ပြီး အတနိးမစခင်အချိန်မှာ စာဖတ်တာ၊ရုပ်ရှင်ကြည့်သီချင်းတာ၊သင်ခန်းစာတွေကို အသင့်ဖြစ်အောင်ပြန်ကြည့်တာ၊ မိသားစုကို အချိန်ပေးတာ စသဖြင့် လုပ်နိုင်ပါတယ်
4️⃣
နည်းပညာတွေနဲ့ပိုမို အကျွမ်းတ၀င် ရှိလာခြင်း ➡️ အခုခေတ်ကာလမှာ digital toolsတွေကို ပိုင်ပိုင်နိုင်နိုင် သုံးနိုင်တာကလည်း အားသာချက်တစ်ခုပဲဖြစ်ပါတယ်။အွန်းလိုင်းမှ သင်ကြားပေးခြင်းအားဖြင့် မတူညီတဲ့ ဆော့ဖ်ဝဲလ်တွေ သုံးရပါတယ်။ Technical problemsတွေလည်း ကြုံရပါတယ်။ ဥပမာ- Zoom ကို၀င်လိုက်တဲ့အခါ တစ်ဘက်က ပြောနေတဲ့ အသံကို မကြားရတာ၊ ပြထားတဲ့ Presentation Slidesတွေမမြင်ရတာ စဖြင့်ရှိတတ်ပါတာ်။ဒါတွေကို အဆင်ပြေအောင် ကြိုးစားသင်ယူရင်း Technical Skills (နည်းပညာ စွမ်းရည်တွေ)လည်းတိုးတက်လာပါတယ်။
5️⃣
အရင်းအမြစ်ရရှိနိုင်မှု ➡️ Googleမှာ ရှာဖွေလိုက်တာနဲ့ သိချင်တာ မှန်သမျှကိုတွေ့နိုင်သလို အတန်းပျက်တဲ့ကလေးတွေအတွက်လည်းစိတ်ပူစရာမလိုပဲ။ Recording‌ေတွက‌ေနတဆင့် အချိန်မရွေးပြန်လေ့လာ နိုင်‌ေအာင်မျှဝေပေးနိုင်ပါတယ်။ ဒါ့အပြင် အရေးကြီး ကိစ္စတစ်ခုခု ဖြစ်ပေါ်လာရင်လည်း ခဏရပ်ထားပြီးအကူညီတောင်းပြီး ချက်ချင်းထွက်သွားလို့ရပါတယ်။

ကဲနောက်ထပ် Physical Classroom ရဲ့အားသာချက်တွေဆက်ဖတ်ကြည့်လိုက်ရအောင်

1️⃣
ဆက်သွယ်ရေး မြန်ဆန်၍ ထိရောက်ခြင်း ➡️ အတန်းထဲမှာစာရှင်းပြနေချိန် ကလေးတွေ နားမလည်းတာရှိရင် ချက်ချင်း‌ေဖြ‌ေပးနိုင်သလို၊ လူကိုယ်တိုင် အချင်းချင်း တွေ့နေရတဲ့အတွက်ကြောင့် ပိုပြီး ရင်နှီးတယ်လို့ ခံစားရစေပါတယ်။
2️⃣
မိတ်ဆွေ၊သူငယ်ချင်းသစ်များရလွယ်ခြင်း ➡️ ဖေ့စ်ဘွတ်(Facebook)၊တွတ်တာ(Twitter)၊ အင်စတာဂရမ်(Instagram)ကနေ တကူးတကသွားပြီးမိတ်ဆက်ဖို့ထက် အရှေ့မှာရှိ‌ေနတော့ ပြုံးပြ၊မိတ်ဆက်ပြီး သူငယ်ချင်း ဖြစ်နိုင်သလို ပိုရင်းနှီးးအောင် စာကြည့်တိုက်မှာ စာအတူတူလုပ်တာ၊မုန့်အတူတူသွားစားတာစဖြင့်ချက်ချင်း လုပ်နိုင်ပါတယ်။
3️⃣
တွန်းအားရှိနေခြင်း ➡️ ကျောင်းသူ ၊ကျောင်းသား အနေနဲ့က ပျင်းတတ်တယ်၊ ဘေးက ပြောပေးနေမှ စာလုပ်တတ်တဲ့သူကို Physical Classroomမှာ ဆရာ/ဆရာမ စာရှင်းပြတာ၊ အိမ်စာ‌လုပ်ခိုင်းပြီး သူငယ်ချင်းတွေနဲ့ အဖြေလဲစစ်စေတာ၊ ဆရာ၊ဆရာမက တခါတည်း စစ်ပေးတာတွေ လုပ်တဲ့အတွက်ကြောင့် ကလေးတွေကို လည်းအကူအညီဖြစ်စေပါတယ်။
4️⃣
နယ်ဘက်ကဆရာ၊ဆရာမတွေအတွက် တန်းတူအခွင့်အရေးရှိခြင်း ➡️ ကျောင်းစာသင်ခန်းကို သွားမှာ ဖြစ်တဲ့အတွက် ဖုန်း၊ကွန်ပျူတာ၊နားကြပ်မရှိမှာ အင်တာနက်လိုင်းမကောင်းမှာကို စိတ်ပူစရာမလိုပဲ Physical Classroomထဲမှာပဲ မြေဖြူ၊ကျောက်သင်ပုန်း ရှိယုံနဲ့ကိုယ့်ရဲ့ဝါသနာ၊စေတနာကို ပြသနိုင်ပါတယ်။
5️⃣
လူအများရှေ့မှာ စကားပြောရဲတဲ့စွမ်းရည် တိုးတက်လာခြင်း ➡️ စာသင်ခန်းထဲမှာ ဆရာ၊ဆရာမ အနေနဲ့ ဦးဆောင်ပြီးစာတိုင်ပေးတာ၊ အားလုံးနာလည်အောင်ရှင်းပြရတာစတာတွေက လူအများရှေ့ သင်သောင့်သက်သာနဲ့ ယုံကြည်မှုရှိရှိ လူအများရှေ့မှာ စကားပြောရဲ‌စေတဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။

ကဲ နောက်ဆုံး အွန်လိုင်းနဲ့ Physical Classroom စာသင်ခန်းရဲ့ အားနည်းချက်တွေကို ကြည့်ရအောင်

1️⃣
အွန်လိုင်းကနေ လေ့လာရတာက အခုဆို အင်တာနက် ပက်ကေ့ခ်ျတွေက ဈေးကြီးလာသလို အင်တာနက်လိုင်းကလည်း နှေးတာကြောင့် ဆရာ၊ဆရာမ သက်ပေးသလောက်ကို ထိထိမိမိ မရရှိခြင်း။
2️⃣
နယ်ဘက်က ကလေးတွေအတွက် ဖုန်း၊ကွန်ပျူတာ၊အင်တာနက်မရှိတဲ့အတွက် အများနည်းတူ စာလေ့လာဖို့ အခွင့်အရေးမရှိခြင်း။
3️⃣
တစ်ချို့ကလေးတွေက အဘိုး၊အဘွားတွေနဲ့နေရတဲ့အတွက်ကြောင့် Digital toolsတွေကို ကောင်းမွန်စွာ မသုံးနိုင်ပဲ အချိန်မှီ အိမ်စာမပြီးတာ၊အများနည်းတူ စာသင်ခန်းအတွင်း လုပ်ဆောင်ချက်(Activities)တွေ လိုက်မလုပ်နိုင်ခြင်း။
4️⃣
Physical Classroomမှာက ကျောင်းကသတ်မှတ်ပေးထားတဲ့ ဆရာ၊ဆရာမ၊သင်ခန်းစားတွေကိုပဲ လေ့လာရပြီး ကိုယ့်စိတ်ကြိုက် အချိန်၊ဆရာ၊ဆရာမတွေကို ရွေးချယ်ခွင့်မရှိခြင်း။
5️⃣
Physical Classroom စာသင်ခန်းမှာဆို ကလေးအချင်းချင်း အနိုင်ကျင့်တာ၊ရန်ဖြစ်တာ စဖြင့်ရှိနိုင်သလို တချို့မိဘတွေ အခန်းပြင်ပမှာ စောင့်ပေးတာ၊မုန့်ကျွေးတာမျိုး လုပ်တတ်တာကြောင့် တချို့ မိဘ မပြည့်စုံတဲ့ ကလေးတွေကို စိတ်မကောင်းဖြစ်စေတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်နိုင်ပါတယ်

ဒါဆိုရင် အပေါ်မှာ မေးထားတဲ့ မေးခွန်းကို ဖြေပေးလိုက်ပါပြီ👇👇👇

အွန်လိုင်း စာသင်ခန်းက ပိုကောင်းလား၊ Physical Classroom က ပိုထိရောက်လားဆိုတာကတော့ လေ့လာသူ၊ ကျောင်းသား၊ကျောင်းသူနဲ့ တစ်ဖက်က သင်ကြားပေးတဲ့သူ အပေါ်မှာပဲ အများကြီးမူတည်ပါတယ်။

ကိုယ့်အနေနဲ့က အွန်လိုင်းက သင်ရတာ ကြိုက်တယ် အဆင်ပြေတယ်ဆို၊ စာအသင်အပြကောင်းတဲ့ ဆရာ၊ဆရာမတွေနဲ့ သင်ကြားမယ်ဆို ကိုယ်လိုချင်တဲ့ ရလဒ်ရရှိမှာ ဖြစ်သလို Physical Classroomကို နှစ်သက်သူတွေအတွက် ဆရာ၊ဆရာမ သင်ကြားပေးတာကို စနစ်တကျလိုက်လုပ်ပြီး၊နားမလည်တာကို ချက်ချင်းမေး၊ ဆွေးနွေးမယ်ဆို အွန်းလိုင်းကနေ လေ့လာသလို ရလဒ်တွေ ရရှိမှာပဲ ဖြစ်ပါတယ်။

ဒီနေ့တာ့ ဒီလာက်ပါပဲ။ နောက်နေ့တွေမှာ မတူညီတဲ့ ခေါင်းစဉ်တွေနဲ့ မျှဝေပေးဖို့ ပြန်လာခဲ့ပါ့မယ်။

အွန်လိုင်းသင်ကြားရေး အကြံပေးချက်များ

References