အွန်လိုင်းစာသင်ခန်း စီမံခန့်ခွဲမှု

အားလုံးပဲ မင်္ဂလာပါOpen Educator မှ ပြန်လည်ကြိုဆိုပါတယ်။

📌
ဒီတစ်ခါမှာတော့ စာသင်ခန်းမှာ ဘယ်လိုစီမံခန့်ခွဲသင့်သလဲဆိုတဲ့အကြောင်းကို ဆွေးနွေး ပြောပြသွားချင်ပါတယ်။ Virtual Classroom ကိုလည်း အပြင်မှာ လူချင်းတွေ့ သင်ကြားရတဲ့ ခံစားမှုမျိုးရအောင် ဖန်တီးပေးဖို့လိုပါတယ်။
📌
Classroom management ဟာ သိပ်ကို အရေးကြီးတဲ့အရာဖြစ်ပြီး၊ Classroom management ကောင်းကောင်း ပြုလုပ်နိုင်ခြင်းဖြင့် ကောင်းမွန်တဲ့၊ engage ဖြစ်တဲ့ စာသင်ခန်းဖြစ်အောင် အများကြီး အထောက်အကူပြုပါတယ်။

ကဲ...ဒါဆိုရင် ဘယ်လိုမျိုးတွေပြုလုပ် သင့်သလဲဆိုတာကို ဆွေးနွေးကြည့်ရအောင်နော်။

၁) စာသင်ခန်းမစခင် Ground rule (အတန်းတွင်း ယဉ်ကျေးမှု) ကို ကျောင်းသားတွေနဲ့အတူတူ ချထားသင့်ပါတယ်။

ဥပမာ - မိမိက စကားမပြောလျှင် microphone ကို ပိတ်ထားပါ။ စကားပြောချင်ရင် လက်ထောင်တာ (သို့မဟုတ်) virtual hand ကိုအသုံးပြုတာဖြစ်ဖြစ် လုပ်ပေးပါ။ ကင်မရာကို အတတ်နိုင်ဆုံး ဖွင့်ထားပါ။ အချင်းချင်း ဆွေးနွေးပြောဆိုမှု အပေါ် နားလည်ပေးပါ။ စသဖြင့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ အတူတူ အတန်းရဲ့ ပထမဆုံးအချိန်၊ ပထမဆုံးရက်မှာ အတူတူ Ground rule (အတန်းတွင်း ယဉ်ကျေးမှု) လုပ်ထားဖို့ လိုပါတယ်။ ဒါကို ဆရာ၊ ဆရာမ တစ်ယောက်အနေနဲ့ visual graphic လေးတစ်ခု လုပ်ထားပြီး အတန်းမစခင် ပြထားတာမျိုး လုပ်နိုင်ပါတယ်။

၂) ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ပါ။

စာမသင်ခင်မှာ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းနှီး‌အောင် စကားပြောတာ၊ ဂိမ်းကစားတာ စသဖြင့် လုပ်သင့်ပါတယ်။ ဆရာနှင့် ကျောင်းသား ဆက်ဆံရေး ကောင်းမှသာ စာသင်ကြားရေးမှာ အများကြီး အထောက်အကူ ပြုပါတယ်။ ဥပမာ - 2 true 1 lie လိုမျိုး ဂိမ်းလေးကစား တာမျိုး၊ မိမိ တန်ဖိုးအထားဆုံး ပစ္စည်းတစ်ခု ယူလာ ပြခိုင်းပြီး၊ ဘာကြောင့်တန်ဖိုးထားတယ်ဆိုတာကို ပြောပြခိုင်းတာမျိုး၊ စသဖြင့် personalize ဖြစ်တဲ့ ဂိမ်းများကို ကစား ပေးခြင်းမဖြင့် ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ထားဖို့လိုပါတယ်။

၃) မိမိကျောင်းသားရဲ့ အမည်လေးတွေ ခေါ်ပေးပါ။

Engage ဖြစ်တဲ့ virtual classroom ဖြစ်ဖို့ဆိုရင် ကျောင်းသူ၊ ကျောင်းသား အမည်လေးတွေကို ခေါ်ပြီး မေးခွန်းမေးတာမျိုးလေးတွေ လုပ်သင့်ပါတယ်။ မိမိ ကွန်ပြူတာ ဖန်သားပြင်မှာ ကျောင်းသား အယောက် ၂၀ လောက်ဆိုရင် ဖန်သားပြင်တစ်ခုထဲမှာ မြင်ရပါတယ်။ အဲ့ဒါကို ကြည့်ပြီး အတန်းထဲမှာ စကားသိပ်မပြောတဲ့ကလေး၊ ရှက်တတ်တဲ့ကလေး၊ အရမ်းစကားပြောတဲ့ ကလေးတွေအတွက် လည်း ပါဝင်ဆွေးနွေးအောင် အမည်ခေါ်ပေးပြီး ဆွေးနွေးဖို့ တိုက်တွန်းတာမျိုး၊ မေးခွန်းလေးတွေ မေးပေးတာမျိုး ပြုလုပ်သင့်ပါတယ်။ ဘယ်သူဖြေချင်လဲ၊ ဘယ်သူ (‌မောင် မိုက်ကယ်) ကဖြေပေးပါဦး၊ စသဖြင့် facilitate လုပ်ပေးဖို့လိုအပ်ပါတယ်။ ကျောင်းသားအားလုံးနီးပါးးကို မေးပြီးရင်လည်း နောက်သင်ခန်းစာ မသွားခင် ဘယ်သူဖြေဖို့လိုသေးလဲ။ လက်ထောင်ပေးပါ၊ ပြောပေးပါ စသဖြင့် ပြုလုပ် သင့်ပါတယ်။ အားလုံးတန်းတူညီမျှ ပါဝင်ဆွေးနွေးခွင့်ကို ဆရာက ဖန်တီးပေးပါ။

၄) ကျောင်းသူ၊ ကျောင်းသားများရဲ့လုပ်ဆောင်နိုင်မှုအပေါ် ချီးကျူးစကား ပြောပေးပါ။

ကျောင်းသား၊ ကျောင်းသူများ ဆရာမှ မေးလိုက်တဲ့ မေးခွန်းကို ဖြစ်ဖြစ်၊ စာဖတ်ကောင်းတာဖြစ်ဖြစ်၊ စသဖြင့် အတန်းတွင်းမှာ ပြုလုပ်သွားနိုင်တဲ့အပေါ် ချီးကျူးစကား ပြောပေးပါ။ အဲ့နေရာမှာ စကားဖြင့် “Very Good, Great, Excellent, great job” ပြောတာမျိုး ပြုလုပ်နိုင်သလို Zoom (သို့) မိမိ အသုံးပြုတဲ့ application မှာ ပါတဲ့ sticker လေးတွေ ပေးခြင်းဖြင့် လည်း ပြုလုပ်ပေးနိုင်ပါတယ်။

၅) အတန်းတွင်းမှာ education technology tools များကိုလည်း အသုံးပြုပေးပါ။

Virtual Classroom မှာ ကင်မရာရှေ့မှာပဲ ထိုင်ပြီး စာသင်ယူစေခြင်းက ကျောင်းသားများရဲ့ attention ကို အကြာကြီး မရနိုင်ပါဘူး။ ဒါကြောင့် education technology tools များကိုလည်း စာသင်ကြားရာမှာ အဆင်ပြေသလို ထည့်ပြီး အသုံးပြုဖို့လိုပါတယ်။ ဥပမာ - Zoom မှာ ပါတဲ့ Breakout room ကို အသုံးပြုပြီး အဖွဲ့လိုက်ဆွေးနွေးခိုင်းတာမျိုး၊ Kahoot၊ mentimeter, Nearpod, google slide လိုမျိုး application များ အသုံးပြုသင့်ပါတယ်။ ဒီလိုအရာမျိုး အသုံးပြုခြင်းဖြင့် မိမိရဲ့ အွန်လိုင်းစာသင်ခန်းရဲ့ engagement များများ ရဖို့ အထောက်အကူဖြစ်ပါတယ်။

Kahoot link :

Mentimeter link :

Nearpod link :

ကဲအခုဆိုရင် virtual classroom management နဲ့ပတ်သတ်ပြီး အခု article လေးကိုဖတ်ပြီး အတိုင်းအတာတစ်ခုထိ ဆရာတို့၊ ဆရာမတို့အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့် မိပါတယ်။