အွန်လိုင်းသင်ကြားရေး အထောက်အကူပြု (၁၀) ချက်

အားလုံးပဲ မင်္ဂလာပါ။ Open Educator မှကြိုဆိုပါတယ်။

📌
အွန်လိုင်းသင်ကြားရေးမှာ အထောက်အကူပြုမယ့် အကြောင်းအရာလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ အခုလိုအချိန်မှာ စဉ်ဆက်မပြတ်သင်ကြားနည်းရဖို့ လူတိုင်းအရေးကြီးပါတယ်။ ကပ်ရောဂါကြီးဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့အားလုံးက အွန်လိုင်းကို အသုံးပြုပြီး သင်ကြား၊ သင်ယူနေရပါတယ်။

ဒီတစ်ခါမှာတော့ ဆရာ၊ ဆရာမ တစ်ယောက်အနေနဲ့ Onlineကနေစာသင်‌ေတာ့မယ်ဆို ဘာတွေ ပြင်ဆင်ထားဖို့ လ်ိုတယ်ဆိုတာ ကို မျှဝေပေးချင်ပါတယ်။ ဘာတွေ ပြင်ဆင်ထားသင့်လည်းဆိုတော့ ……..

(၁) ကွန်ပျူတာ (သို့မဟုတ်) ဖုန်း (Computer or Phone)

ကိုယ်ကပဲ သင်ပေးတာ ဖြစ်စေ၊ သင်ယူတာဖြစ်စေ အွန်လိုင်းကနေ လေ့လာရမှာဖြစ်လို့ ဖုန်း (သို့) ကွန်ပျူတာက မရှိမဖြစ်ပါပဲ။

(၂) ကောင်းမွန်တဲ့ အင်တာနက်ရရှိမှု (Have a high-speed internet connection)

အင်တာနက် ချိတ်ဆက်မှု ကောင်းမှသာ မျှဝေပေးချင်တာတွေကို ထိထိရောက်ရောက် မျှဝေ ပေးနိုင်မှာဖြစ်ပြီး၊ သင်ယူတဲ့အခါမှာလည်း ပေးရတဲ့ အချိန်နဲ့တ‌န် အောင်အကျိုးရှိရှိ သင်ယူနိုင်မှာပါ။

(၃) နည်းပညာနဲ့လည်း ကျွမ်းကျင်မှုရှိရပါမယ် (Master Technology)

Zoom, Google-meet, Telegram, WhatsApp, Google classroomအသုံးပြုဖို့ရာ ဒီ Platformတွေရဲ့ အသုံးပြုပုံကို ကောင်းမွန်စွာ နားလည်းထားဖို့၊ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။

(၄) အသံတိတ်ဆိတ်တဲ့နေရာ (Quiet Environment)

ကိုယ်က အားရပါးရစာသင်‌ေနတဲ့အခါနောက်က တစ်ယောက်ယောက်က သီချင်းထဆိုလိုက်တာ၊ အော်ပြီး စကားတွေ ပြောနေကြမယ်ဆိုရင် သင်ရတာလည်းအဆင်မပြေသလို၊ သင်ယူသူအတွက်လည်း စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။

(၅) မျှဝေပေးမယ့် သင်ခန်းစာတွေကို စနစ်တကျ ပြင်ဆင်ထားခြင်း (Lesson plans)

ကိုယ်က မမျှဝေပေးခင်မှာ ဘာတွေသင်မယ်၊ ကိုယ့်ရဲ့ ရည်ရွယ်ချက်၊ရည်မှန်းချက် (expectations) ကဘာတွေဆိုတာ တိတိကျကျသိဖို့လိုအပ်ပါတယ်၊ ဒါမှသာ ထိရောက်မှုရှိတဲ့စာသင်ခန်းကို ဖန်တီးနိုင်မှာပါ။

(၆) ကျောင်းသူ ကျောင်းသာတွေတက်ကြွစွာ ပါ၀င်နိုင်တဲ့ လုပ်ဆောင်ချက်များ ပြင်ဆင်ခြင်း (Interactive Games or Activities)

Games တွေ ကစားရတာကို မနှစ်သက်တဲ့ ကျောင်းသူ၊ကျောင်းသားက မရှိသလောက်ပါပဲ။ ဒါ့အပြင် သင်ခန်းစာနဲ့ ပတ်သက်တဲ့ Activitiesတွေကိုလည်း စာသင်ချိန်အတွင်း လုပ်ဆောင်နိုင်တာမလို့ (Fun and Easy way)ပျော်ရွှင်ပြီး လွယ်ကူတဲ့ သင်ကြားလေ့လာနည်းကို ပေးစွမ်းနိုင်မှာပါ။

(၇) ကင်မရာ ထားရမဲ့ နေရာကို သေချာ ချိန်ထားခြင်း (Set up Camera Angle)

ဒီအချက်ကလည်း တကယ်အရေးပါပါတယ်။ အားလုံး ကြုံဖူးကြလားတော့ မသိဘူး။တချို့ မျက်နှာက အောက်ဘက်ဆိုက်နေတာ၊မော့လွန်းနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး မဖြစ်စေပဲ တဘက်က သင်ယူသူတွေ အတွက်လည်းသက်သောင့်သက်သာ ဖြစ်တယ်လို့ ခံစားရအောင် ဖုန်း (သို့) ကွန်ပျူတာ ကင်မရာကို သေသေချာချာလေး ချိန်ပေးပါ။

(၈) အလင်းအမှောင်ချိန်ခြင်း (Set up lightning)

ကင်မရာနေရာ ချိန်ပြီးရင် အလင်းအမှောင်မျှတဲ့ နေရာမှာရှိဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ကျောင်းသူ၊ကျောင်းသားတွေက ဆရာ၊ဆရာမကို သေသေချာချာ မြင်နိုင်မှာ ဖြစ်ပြီး မေးချင်တာရှိရင်လည်း ဘာမှ မမြင်ရပဲ အမှောင်ထဲရှိနေတာထက်မြင်နေရတဲ့အတွက် ပိုပြီး ဆွေးနွေးဖြစ်ပါလိမ့်မယ်။

(၉) လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ထားခြင်း (Flashcards, Drawings, Props)

အွန်လိုင်းကနေ သင်ရတာဖြစ်လို့ ကျောင်းသူ၊ကျောင်းသားတွေကို စိတ်၀င်စားစေမယ့်၊ အထောက်ကူ ဖြစ်စေမယ့် သင်ထောက်ကူပစ္စည်းတွေကမရဇိမဖြစ်ပါပဲ။

(၁၀) လေ့ကျင်ပါ ( Practice Practice Practice)

ကိုယ့်အနေနဲ့က ဖုန်း၊ကွန်ပျူတာကနေ စာသင်ရတာ အလေ့အကျင့်မဖြစ်ဘူး၊ ဒါမှမဟုတ် အခုမှစပြီး စသင်မယ်ဆို မှန်ကို ကြည့်ပြီး ဖြစ်စေ၊ အသံဖမ်းပြီးြဖစ်စေ လေ့ကျင့်မှု လုပ်ဖို့လိုအပ်ပါတယ်။ဒါမှသာ တကယ်လက်တွေ့ သင်ကြား ပေးတဲ့အခါမှာ ယုံကြည်မှုရှိရှိနဲ့ သက်တောင့်သက်သာမျှဝေပေးနိုင်မှာပါ။ ဒါအပြင်ဆရာမတစ်ယောက်အနေနဲ့ professional development အနေနဲ့ အမြဲလေ့လာသင်ယူနေဖို့လိုသလို၊ ကိုယ်ရဲ့ အွန်လိုင်းသင်ကြားရေးနဲ့ ပတ်သတ်တဲ့ ဝေဖန်အကြံပေးမှုတွေကိုလည်း အမြဲနားထောင် သင်ယူနေဖို့လည်း အရေးကြီးပါတယ်။ အခုဆိုရင် ဆရာတို့၊ ဆရာမတို့အနေနဲ့ အွန်လိုင်းသင်ကြားမှု စတင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့မျှော်လင့် မိပါတယ်။

အွန်လိုင်းသင်ကြားရေး အကြံပေးချက်များ

References